Blog အပေါ်အစမ်းရေးကြည့်တာ အဆင်ပြေတယ်ပြောရမယ် လိုအပ်တာတွေတော့ရှိနေသေး တာပေါ့ စာလုံး တွေကို Align ဘယ်လို လုပ်ရမှန်းမသိဘူး လောလောဆယ် အဲဒါသိခြင်နေတယ် ဒီနေ့တော့ Align လုပ်ရတာ အဆင်ပြေသား..ဘာလို့လဲတော့မသိ..မနေ့ကလဲဒီလိုဘဲလုပ်တာဘဲ..စာတစ်လုံးခြင်းရွှေ့မရဘူး ဒီနေ့တော့ ရပြန်တယ်
အရင် Blog စရေးတော့မယ်လို့ကြံခဲ့စဉ်က အင်တာနက်ကနေရှာရတာတွေ ဒေါင်းလုပ်လုပ်ပြီး သိမ်းထားတာ တွေ ကိ ပြန်ရှာတာ တွေ့တော့မှ ကျေးဇူးတင်ရမဲ့သူတွေရဲ့ နံမယ်တွေကိုသိရတော့တယ်
ကိုမောင်လှ နောက် Saturn god ဒီပုဂ္ဂိုလ်နှစ်ဥင်္ီးကိုတော့ ကျေးဇူးအထူးတင်ပါတယ်လို့ပြောခြင်တယ် သိထား တတ်ထားတာကို မျှဝေပေးလို့ပေါ့ ကိုမောင်လှဘလော့ထဲကိုတော့ ဘယ်လိုရောက်သွားတယ် မသိပါဘူး ဂျာနယ် မဂ္ဂဇင်းတွေက တဆင့် Blogအကြောင်းကိုသိ သိရာကအင်တာနက်မှာတက်ရှာ ဒီကတဆင့်ကိုမောင် လှ Blog ပေါ်ရောက် အဲဒီကမှတဆင့် Saturn god ရဲ့ `Blog လုပ် မယ်` ဆိုတာကိုရ ဒီတော့မှ Blog စမ်းလုပ်ကြည့်ရာကနေ ဒီ Blog တစ်ခုကိုရတယ်လေ နောက်ပြီး ကိုယ့်စက်မှာလည်း Zawgyi font ကိုတင်လို့ရခဲ့တယ်
ခုလေးနှစ်ကြာမှ Blog ပေါ် Post အစမ်းတင်ကြည့်ပြီး Saturn god ရဲ့ `Blog လုပ် မယ်` ကိုပြန်ဖတ်ကြည့် တော့ ကိုယ့် Blog မှာ လုပ်စရာတွေကျန်နေတာကိုသိရတယ် User on line, Hit counter, C box, Recent Post, Read more တို့ဆိုတာတွေ ထပ်ဖြည့်ဖို့လုပ်ရအုန်းမှာလေ..
လုပ်ကြည့်ပြီးမရရင်တော့ comment ကနေမေးလို့ဆိုထားတော့ မေးရအုန်းမှာပေါ့ ဒါမှမဟုတ် ပေးထားတဲ့ Link တွေထဲ ၀င်ပြီးဖတ်ကြည့်ရမှာဘဲ..
ဘာဘဲဖြစ်ဖြစ် ကိုမောင်လှကိုရော Saturn god ကိုရော ကျေးဇူးအထူးတင်တယ် လို့ပြောပါရစေ....
No comments:
Post a Comment